ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးနှင့် အဖွဲ့သည် ယမန်နေ့ကသာစည်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စက်ရေတွင်းတူးဖော်နေမှုအခြေအနေအား မြေပြင်ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ စက်ရေတွင်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ (၆) လ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် တူးဖော်ခဲ့ခြင်းဖြစ်ပြီး စက်ရေတွင်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျေးရွာသူ ကျေးရွာသားများမှ အထူးအလေးထား ဂရုစိုက်စောင့်ရှောက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌမှ မှာကြားခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)