မိုင်းပျဉ်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိုင်းပျဉ်း ဒီဇင်ဘာ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မိုင်းပျဉ်း မြို့နယ်၊ ယမ်းမိုင်ကျေးရွာတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော ယမ်းမိုင်ကျေးရွာ အုပ်စု အတွင်းရှိ အိမ်ထောင်စု (၅၂) စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၇၇) ကတ်တို့ကို လဝကမှူး ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကိုလည်း     ကျေးရွာများအရောက် ကွင်းဆင်း၍ ပေးအပ်ခြင်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်သန္တာအောင် (ပြန်/ဆက်)