ဘုတလင် ဒီဇင်ဘာ ၂၄
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ (Talk Show) ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘုတလင် မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းဆွေးနွေးပွဲတွင် ဘုတလင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဒေါ်ဇာနည်ဝင်းက လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ (Talk Show) ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက် အား ရှင်းလင်းဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး (ငြိမ်း)၊ ဦးတင်အောင်ဝင်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ ကျူးကျော်စစ်သုံးကြိမ် ပေါ်ပေါက်လာမှုများ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် လွတ်လပ်ရေးနေ့အကြောင်း မိန့်ခွန်းကောက်နုတ်ချက်များ၊ လွတ်လပ်ရေး ၏ အရသာနှင့် လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်တိုးတက် လာမှုများကို ယနေ့ခေတ်လူငယ်များ အသိပညာ ဗဟုသုတရရှိစေရန်အလို့ငှာ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘုတလင်မြို့နယ်ရုံးမှ ပြည်သူများအသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများဖြင့် ပူးပေါင်းကာ အများပြည်သူ သိသင့်သိထိုက်သည့် အကြောင်း အရာများကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိပြီး၊ ဘုတလင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Face Book Page မှလည်းအသိပညာပေးအစီအစဉ်များ၊ ပုံပြင်ပြောခြင်းအစီအစဉ်၊ ကဗျာရွတ်ဖတ်ခြင်းအစီအစဉ်များကို နေ့စဉ်လွှင့်တင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)