လှိုင်းဘွဲ ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်များအတွက် ရရှိရထိုက်သော အခွင့်အရေးများနှင့် ကလေး အလုပ်သမား ပပျောက်ရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲ အချိန်က ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဦးစောသော်တာလင်းသန့်က ကလေး သူငယ်များများ၏ ရရှိရထိုက်သော အခွင့်အရေးများ၊ ကလေးအလုပ်သမားများ ပပျောက်စေရန် အတွက် ရည်ရွယ်၍ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး လှိုင်းဘွဲမြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဒေါ်နန်းမြနှင့် Youth Club အဖွဲ့ဝင် ဒေါ်မိအေမီကိုတို့က လူငယ်နှင့် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ဖန်တီးရာတွင် အလွန် အရေးကြီးကြောင်း၊ ကလေးအလုပ်သမားများကို ခိုင်းစေခြင်းသည် ကလေးသူငယ် အခွင့်အရေး ကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးသည် ဘက်ပေါင်းစုံ မှနေ၍ ရေရှည် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပြဌာန်းချက် များ၊ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဆောင်ရွက် နေသည့် လုပ်ငန်းများ၊ ကလေးသူငယ်များ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရ သည်။
စောဒိ(ပြန်/ဆက်)