ကာမိုင်း ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ နန့်စီးအင်ကျေးရွာအုပ်စု ထွယ်ဆန်ယန်ကျေးရွာအတွင်းရှိ (KBC)လိုင်နောင်းစစ်ရှောင်စခန်းနှင့် (RC)ဓမ္မာရုံ စစ်ရှောင်စခန်းများရှိ ပြည်သူများအားဆန်အိတ်များကို ယနေ့နံနက် (၁၁)နာရီက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့သည့် ဆန်အိတ်များမှာ ကချင်ပြည်နယ် သဘာ၀ဘေးအန္တရယ် စီမံခန့်ခွဲမှု ဦးစီဌာနမှ စစ်ရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည့်အတွက် ကာမိုင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ဆက်လက်သွားရောက် ထောက်ပံ့ပေး အပ်ခြင်းဖြစ်ပြီး (KBC)လိုင်နောင်း စစ်ရှောင်စခန်းအတွက် (၃၂)အိတ်နှင့်(RC)ဓမ္မာရုံ စစ်ရှောင်စခန်းအတွက် (၁၆)အိတ် စုစုပေါင်း(၄၈)အိတ်အားပေးအပ်ရာ စစ်ရှောင်စခန်းမှ တာ၀န်ခံများက လက်ခံရယူ ခဲ့ကြကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)