သတင်းများ

စဉ့်ကိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ဝက်စာမေးပွဲများ နောက်ဆုံးနေ့ဖြေဆို
Jan 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂    ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုခြင်းကို ဇန်နဝါရီလ ၅ ရက်နေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့ Community Centre ခန်းမ၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲခင်းကျင်းပြသ
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ အသိပညာပေးနံရံကပ် စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တပ်တွင်း မူကြိုကျောင်းများ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နေမှု ကွင်းဆင်းစစ်ဆေး
Jan 07,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် တပ်တွင်း မူကြိုကျောင်းများကို ပြန်လည်ဖွင့်လှစ် သင်ကြား နေပြီဖြစ်၍ ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၄)တပ်မတော် တန်းမြှင့် လေ့ကျင့်ရေးကျောင်း၊ တပ်တွင်း မူကြိုကျောင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
တာလေမြို့အဝင် နတ်စင်အနီးရှိ(နမ့်လင်းချောင်း)အား မူလချောင်းရေစီးလမ်းကြောင်းမှ ရေပြန်လည်စီးဆင်းနိုင်ရန် သဲနှုန်းများတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့အဝင် နတ်စင်အနီးစီးဆင်းနေသော(နမ့်လင်းချောင်း)အား မူလချောင်းရေစီးလမ်းကြောင်းမှ ရေပြန်လည်စီးဆင်းနိုင်ရေးအတွက် ချောင်းအတွင်း သဲနှုန်းများတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန္တီး၌ စိုက်ပျိုးရေးသုံး ယူရီးယားဓါတ်မြေဩဇာများ ရောက်ရှိစစ်ဆေး
Jan 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် ယူရီးယားဓါတ် မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူဝယ်ယူ အသုံးပြု နိုင်ရေးအတွက် ပထမအကြိမ်အဖြစ် ခွဲဝေပေးသည့် ယူရီးယားဓါတ်မြေဩဇာအိတ်(၂၀၀)အား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ သယ်ယူ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ကခန္တီးမြို့သို့ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဓါတ်မြေဩဇာ သယ်ယူဖြန့်ဖြူးရောင်းချရေး ကော်မတီများမှ သွားရောက် စစ်ဆေး လက်ခံခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် ဘိုးဘွားရိပ်သာတည်ထောင်ခြင်း လေးနှစ်ပြည့်ဆွမ်းကျွေးအလှူနှင့် နှစ်ပတ်လည်နေ့ အခမ်း အနားပြုလုပ်
Jan 07,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဘိုးဘွားရိပ်သာတည်ထောင်ခြင်း လေးနှစ်ပြည့်ဆွမ်းကျွေး အလှူနှင့် နှစ်ပတ်လည်နေ့အခမ်းအနားပြုလုပ်ခြင်းကို တောင်ရင်းရပ်ကွက်ရှိ ကျောက်ဖြူ ဘိုးဘွားရိပ် သာတွင် ယနေ့ နံနက် ၉ နာရီက ပြုလုပ်ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များသို့ လှည့်လည်ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ ၇ ရက်နေ့နံ နက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှု‌ဆောင်အရာ ရှိဦးခင်ညွန့်၊ နယ်မြေမီးသတ်စခန်းတာဝန်ခံ ဦးဝင်းနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့မှ လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြေပုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များအား အကြံပြု ကွင်းဆင်းစစ်ဆေး
Jan 07,2022
ရခိုင်ပြည်နယ် မြေပုံမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအားပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တား ဆီးနိုင်ရေးအတွက် အကြံပြု ကွင်းဆင်း စစ်ဆေးခြင်းများကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် ကြီးကြပ်လမ်းညွှန်မှူးဖြင့် မြို့နယ် မီးသတ် ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများကွင်းဆင်း စစ်ဆေးကြသည်။