ကျောက်ဖြူ ဇန်နဝါရီ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဘိုးဘွားရိပ်သာတည်ထောင်ခြင်း လေးနှစ်ပြည့်ဆွမ်းကျွေး အလှူနှင့် နှစ်ပတ်လည်နေ့အခမ်းအနားပြုလုပ်ခြင်းကို တောင်ရင်းရပ်ကွက်ရှိ ကျောက်ဖြူ ဘိုးဘွားရိပ် သာတွင် ယနေ့ နံနက် ၉ နာရီက ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်သူများမှ အောင်ဓမ္မရိပ်သာဆရာတော် ဦးစန္ဒောဘာသထံ မှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်ကြီးနှင့် ပင့်သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဘိုးဘွားရိပ်သာ လေးနှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းနားကို ဆက်လက်ကျင်းပရာ ကျောက်ဖြူဘိုးဘွား ရိပ်သာအား စတင်တည်ထောင်ခဲ့သူ ဦးထွေးလှ(ဗိုလ်မှူးကြီးငြိမ်း)မှ အဖွင့်အမှာ စကားပြောကြားပြီး ကျောက်ဖြူ ဘိုးဘွားရိပ်သာဥက္ကဌ ဦးငြိမ်းချမ်းမောင်က လက်ရှိဘိုးဘွားရိပ်သာတွင် ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ လည်းကောင်း၊ ရေရှည်ရပ်တည် နိုင်အောင် ဆောင်ရွက်ထားရှိမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနား သို့တက်ရောက်လာသည့် တာဝန်ရှိသူတစ်ဦးမှ ဘိုးဘွားရိပ်သာ ရေရှည်ဆက်လက်တည်တံ့ခိုင်မြဲရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြပြီး ရိပ်သာရှိ အဘိုး၊အဘွားများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ ကျောက်ဖြူဘိုးဘွားရိပ်သာတွင် ယခုလက်ရှိ အဘိုး ၇ ဦးနှင့် အဘွား ၁၅ ဦး စုစုပေါင်း ၂၂ ဦးနေထိုင် လျက်ရှိ ကြောင်း ကျောက်ဖြူဘိုးဘွားရိပ်သာဥက္ကဌထံမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း