သတင်းများ

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းဆွေးနွေး
Jan 07,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြန်ကြရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Women Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များနှင့်အညီ ယမန်နေ့နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကိစ္စနှင့်ပတ်သက်ပြီး ကလေးငယ်(၇)ဦးအား မိဘများထံ ပြန်လည်အပ်နှံခြင်း အခမ်းအနား ကျင်းပ
Jan 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်(၈၇)ရပ်ကွက်၊ တွင်ဖြစ်ပွားခဲ့သော ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကိစ္စနှင့် ပတ်သက်သည့် ကလေးငယ် (၇)ဦး အား မိဘများထံပြန်လည်အပ်နှံခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပထမနှစ်ဝက်စာမေးပွဲများ ဖြေဆို
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဇန်နဝါရီ (၅)ရက်နေ့မှ စတင်၍ ပထမနှစ်ဝက် စာမေးပွဲများ စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် တတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိသည်။
မန်ကန်မြို့၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသေးသော ဒေသခံပြည်သူများ ထပ်မံကွင်းဆင်းထိုးနှံ
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသေးသော ဒေသခံ ပြည်သူများအား ပန်ဖိန်းကျေးရွာအုပ်စုနှင့် ငှက်ကာကျေးရွာအုပ်စုတို့တွင် ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်း ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် Online ဝန်ဆောင်မှုစနစ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jan 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ်ရုံး ပြည်သူ့ စာကြည့်တိုက်တွင် Online ဝန်ဆောင် မှုစနစ်ဖြင့်စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်တွင် လူမှုစီးပွားဘဝအထောက်အကူပြု အခြေခံစက်ချုပ်နည်းပညာ သင်တန်း အခမဲ့ဖွင့်လှစ်
Jan 07,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အသေးစားစက်မှု၊ လက်မှု လုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အမျိုးသမီးများအတွက် လူမှုစီးပွား ဘဝ အထောက်အကူပြု သင်တန်းဖြစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့နံနက်၉ နာရီခွဲက မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာ၊ အဆိုပါဌာနရှိ Incubation Center တွင်ကျင်းပကြောင်း သိရသည်။
ဂွမြို့တွင် ငါးသယံဇယတ ထိန်းသိမ်းရေး ပညာပေးဆွေးနွေး
Jan 07,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇယတ ထိန်းသိမ်းရေး ပညာပေးဆွေးနွေးဟောပြောပွဲကို ဒီဇင်ဘာလ နောက်ဆုံးပတ်က မကျေးငူကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ကုတ်တက္ကသိုလ်၌ မဟာဘွဲနှင့်မဟာအရည်အချင်းစစ် နေ့သင်တန်းနှင့် ဂုဏ်ထူးတန်းများ ဒုတိယနေ့ တက်ရောက်
Jan 07,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်တက္ကသိုလ် ၂၀၂၁-၂၀၂၂ (ပထမနှစ်ဝက်) နေ့သင်တန်း ဂုဏ်ထူးတန်း တတိယနှစ်သင်တန်း၊ မဟာအရည်အချင်းစစ် သင်တန်းနှင့် ပထမနှစ် မဟာဘွဲ့ သင်တန်းများကို ဇန်နဝါရီ(၆)ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ယနေ့ ဒုတိယနေ့အဖြစ် တက်ရောက် လျက်ရှိကြောင်း သိရသည်။