မြေပုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များအား အကြံပြု ကွင်းဆင်းစစ်ဆေး

မြေပုံ        ဇန်နဝါရီ     ၇

ရခိုင်ပြည်နယ် မြေပုံမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအားပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တား ဆီးနိုင်ရေးအတွက် အကြံပြု ကွင်းဆင်း စစ်ဆေးခြင်းများကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် ကြီးကြပ်လမ်းညွှန်မှူးဖြင့် မြို့နယ် မီးသတ် ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများကွင်းဆင်း စစ်ဆေးကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ က မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မီးသုံးစွဲမှု အားစနစ်တကျ ရှိမရှိ၊ မီးဘေး အန္တရာယ်ကင်း ဝေးစေရန်လောင်စာ သိုလှောင်ထားရှိမှု များစနစ်တကျ ရှိမရှိ  စစ်ဆေးပြီး ရှေးဦးမီးငြိမ်း သတ်နိုင်ရေး ပစ္စည်းများ ဖြစ်ကြသည့် ရေအိတ်၊ သဲအိတ်၊ မီးသတ်လှေကား၊ မီးသတ်ချိတ်၊မီးကပ်ပြားနှင့် မီးသတ်ဆေးဗူးများ စနစ်တကျ ကြိုတင်ကာ ကွယ်ထားရှိခြင်းနှင့် မီးသတိပေးဆိုင်းဘုတ်များ အားစိုက်ထူခြင်းစသည့်တို့ကိုစစ်ဆေးကြသည်။

ထို့အပြင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသောစည်း ကမ်းချက်များနှင့် အကြံပြုစကားများမှာကြား ကြကြောင်း သိရသည်။

ဝင်းမင်းစိုး (ပြန်/ဆက်)