သတင်းများ

“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု(၄)ပထမပွဲစဉ် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၌ကျင်းပ
Jan 08,2022
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တူယှဉ်နွှဲပျော် ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ အုပ်စု(၄) ပထမပွဲစဉ်ကို ယမန်နေ့ (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ရုံးဝင်းအတွင်း မနောတိုင်စိုက်ထူခြင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်နယ် ညွှန်ကြားရေးမှူးရုံးဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး
Jan 07,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ကျင်းပရာတွင် မနောအက စုပေါင်းကနိုင်ရေးအတွက် ပြည်နယ်အစိုးရ ရုံးဝင်းအတွင်း မနောတိုင် စိုက်ထူခြင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး ဆောက်လုပ်ပြီးစီး မှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၇ ရက် နံနက် ၈ နာရီတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
ချောင်းဆုံ၌ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးခွဲသစ် အိုမီခရွန် ရောဂါကာကွယ်နိုင်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 07,2022
ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးခွဲသစ်အိုမီခရွန် ရောဂါကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်း က ချောင်းဆုံတိုးချဲ့ရပ်ကွက်တွင် (ဗီဇပြောင်း) မျိုးခွဲသစ် အိုမီခရွန် ရောဂါကာကွယ် နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန( Community Centre ) ခန်းမတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် Omicron ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲ ပြုလုပ်
Jan 07,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် Omicron ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်ပြသခြင်း နှင့် စာအုပ်ပြပွဲ ပြသခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။
ကျိုက်မရော၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိူးဆော်
Jan 07,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်)ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့ပေါ်ရပ်ကွပ်များနှင့် လူစည်ကားရာ လမ်းဆုံ နေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက လက်ကိုင် အသံချဲ့စက်ဖြင့် လှည်လည်နှိုးဆော်ကြောင်း သိရသည်။
ဌာဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှု များဆောင်ရွက်
Jan 07,2022
ပွင့်လင်းရာသီရောက်ရှိလာသည်နှင့် အမျှ မီးဘေးကြိုတင်ကာကွယ် နိုင်ရန်ဌာန ဆိုင်ရာရုံးများတွင် မီးဘေးကြိုတင်စီမံချက်များ၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဗူးနှင့် ရေရှိနိုင်ရေးအခြေအနေများကို မြို့နယ်မီးတပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်နှင့် တပ်ဖွဲ့ဝင်များက ဇန်နဝါရီ လ ပထမပတ် က မြို့နယ်ရုံးများတွင်မီးဘေး လုံခြုံရေးကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ
Jan 07,2022
သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု အဆင့်မြင့်မော်တာအပ်ချုပ်စက် သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီခန့်က လှာကမြင်ကွက်သစ်ရှိ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပသည်။
ပခုက္ကူတက္ကသိုလ် ကျောင်းဝင်းအတွင်း (၁၆၀)ဦးဆံ့ ကျောင်းသားအိပ်ဆောင်နှင့် ထမင်းစားဆောင် (RC) တစ်လုံးအဆောက်အဦ ရာနှုန်းပြည့်တည်ဆောက်ပြီးစီး
Jan 07,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပခုက္ကူတက္ကသိုလ် ကျောင်းဝင်းအတွင်း (၁၆၀)ဦးဆံ့ ကျောင်းသား အိပ်ဆောင်နှင့် ထမင်းစားဆောင် (RC)တစ်လုံး အဆောက်အဦ တည်ဆောက်မှုလုပ်ငန်းကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။