သတင်းများ

ငပုတောမြို့နယ်၌ ရှေးဦးသူနာပြုစုခြင်း ( အခြေခံအဆင့်) ကြက်ခြေနီ သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်  ငပုတောမြို့နယ်  ဟင်းအိုးချောင်းကျေးရွာအုပ်စု  ရေငံ သရက် ကုန်း ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း( ခွဲ) အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း က ရှေးဦးသူနာပြုစုခြင်း ( အခြေခံအဆင့်) ကြက်ခြေနီသင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ် ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 07,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ကိုဆောင်ရွက် လျက်ရှိရာ ယမန် နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွနေရာများ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံ နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါအကြောင်း ပညာပေးနှိုးဆော်
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်က ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ခဲ့ ကြသည်။
အမ်းမြို့နယ်၌ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 07,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မီးလောင်မှု၊ မီးလန့်မှုများနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်၍ ယနေ့နံနက် ၉ နာရီအချိန်က အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့  အခြေခံပညာကျောင်းများတွင် ပထမနှစ်ဝက်စာမေးပွဲ အေးချမ်းစွာဖြေဆိုပြီးစီး
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ရှိ အခြေခံပညာ ကျောင်းများတွင် ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းကစတင်ပြီး စစ်ဆေးခဲ့ရာ ယနေ့တွင်  ပထမနှစ်ဝက် စာမေးပွဲ အေးချမ်းစွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
မြေပုံမြို့၌ ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jan 07,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူ စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုနိုင်ရန် ပြည်သူစာကြည့်တိုက် ထားရှိပေးသော်လည်း အလုပ်မအား၍ စာကြည့်တိုက်သို့ စာအုပ်များလာရောက် ငှားရမ်းနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ယနေ့ မွန်းလွဲ ၁ နာရီက မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်များ နယ်လှည့်စာကြည့် ကွင်းဆင်း ဆောင်ရွက်ပေး ကြသည်။
သဲကုန်းမြို့နယ်ရှိ ဌာနဆိုင်ရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ဆောင်ရွက်ထားမှုရှိ/မရှိ လိုက်လံစစ်ဆေး
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက သဲကုန်းမြို့ပေါ်ရှိ ဌာနဆိုင်ရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ဆောင်ရွက်ထားမှုရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ဆောင်ရွက်
Jan 07,2022
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉‌ရောဂါကာကွယ်‌ဆေး ထိုးနှံ‌ရေးအသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက အမှတ်(၄)ရပ်ကွက်နှင့်၊ အမှတ်(၁၀) ရပ်ကွက်တို့တွင် မြို့နယ်ကိုဗစ်- ၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနမှဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။