ငါးသိုင်းချောင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

ငါးသိုင်းချောင်း ဇန်နဝါရီ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များသို့ လှည့်လည်ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ ရက်နေ့နံ နက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာ ရှိဦးခင်ညွန့်၊ နယ်မြေမီးသတ်စခန်းတာဝန်ခံ ဦးဝင်းနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့မှ လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စက်သုံးဆီဆိုင်များတွင် အရေးပေါ်မီးငြှိမ်းသတ်ရန်အတွက်မီးသတ် စက်၊  မြေအောက်ဆီသိုလှောင်ကန်မီးဘေးလုံခြုံရေးစနစ်၊ မီးသတ်ဆေးဘူးများအသင့်ဆောင်ရွက် ထားရှိမှုအခြေအနေ၊ စက်သုံးဆီအရောင်းဆိုင် အတွင်းအပြင် သန့်ရှင်းရေးနှင့် မီးသတိပြု၊သတိ‌‌ပေး ဆိုင်းဘုတ်များတပ်ဆင်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး နယ်မြေမီးသတ် စခန်းတာဝန်ခံမှ စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများသို့ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးသတ် ဆေးဘူးအသုံးပြုမီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့် မှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်း သိရှိရသည်။