သတင်းများ

ချင်းပြည်နယ်အစိုးရအဖွဲ့ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီး ချုပ်ဦးငွန်ဆန်းအောင် တက်ရောက်
Jan 07,2022
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
ကျောက်တလုံးမြို့၌ မိုးစပါးများ ရိတ်သိမ်းပြီးလယ်မြေများ၌ ဆောင်သီးနှံကြက်တွန်ဖြူ စိုက်ပျိုးလျက်ရှိ
Jan 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ မိုးစပါးများရိတ်သိမ်း၍လယ် မြေများတွင် ဆောင်းသီးနှံဖြစ်သောကြက်တွန်ဖြူကို စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။
ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ
Jan 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအား ယနေ့ နံနက် (၉) နာရီခွဲအချိန်မှစတင်၍ ပင်လုံမြို့ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူးရုံး၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကဝမြို့ အခြေခံပညာကျောင်းများ၌ နှစ်ဝက်စာမေးပွဲများ နောက်ဆုံးနေ့ဖြေဆို
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အခြေခံကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပထမနှစ်ဝက် စာမေးပွဲများအား ဇန်နဝါရီလ(၅)ရက်နေ့မှ စတင်၍ကျင်းပခဲ့ရာ ယနေ့တွင် နောက်ဆုံးနေ့ စာမေးပွဲကို အခြေခံပညာ ကျောင်းများ၌ နံနက် (၉)နာရီမှစတင်၍ ကျင်းပခဲ့သည်။
ကျောက်တံခါးမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 07,2022
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယ‌နေ့နံနက်ပိုင်းက ခင်ကြီးကျေးရွာအုပ်စု အတွင်းရှိ လမ်းဆုံလမ်းခွနေရာများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
တုံတာမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံ
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယနေ့မွန်းလွဲ ၃ နာရီအချိန်က တုံတာမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဂွမြို့၌ မီးဘေးလုံခြုံရေး စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်
Jan 07,2022
ရခိုင်ပြည်နယ် ဂွမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက Denko စက်သုံးဆီအရောင်းဆိုင်နှင့် ကျော်စံ စက်သုံးဆီအရောင်းဆိုင်တို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ အကြိမ် (၃၀)မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Jan 07,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ အကြိမ် (၃၀)မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ မွန်းလွဲ ၁နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ် (၆)ရပ်ကွက် ဇိနသုခလောကသရဖူစေတီတော်မြတ် သဟပုကာရီ သာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။