ချောင်းဆုံ၌ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးခွဲသစ် အိုမီခရွန် ရောဂါကာကွယ်နိုင်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်

ချောင်းဆုံ  ဇန်နဝါရီ  ၇

 ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးခွဲသစ်အိုမီခရွန် ရောဂါကာကွယ်နိုင်ရေးအတွက်  မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်း က ချောင်းဆုံတိုးချဲ့ရပ်ကွက်တွင် (ဗီဇပြောင်း) မျိုးခွဲသစ် အိုမီခရွန် ရောဂါကာကွယ် နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အသိပေးနှိုးဆော်ရာတွင် ပြည်သူလူထုအနေဖြင့် အဆိုပါ ရောဂါပိုး နှင့်ပတ်သက်၍အလွန်အမင်း  စိုးရိမ်းကြောင့်ကြခြင်း မပြုကြရန်၊ တစ်ဦးချင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အခြေခံ စည်းမျဉ်းများကို လိုက်နာကြရန်၊ သံသယရောဂါ လက္ခဏာရှိသူများ အနေဖြင့်နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှု (မပျက်မကွက်) အကြိမ် ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ် ဆေးထိုးနှံပေးရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ် ပို့ဆောင်ပေးကြရန် စသည့်အချက် များကို အသိပေးတိုက်တွန်း နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်