ချောင်းဆုံ ဇန်နဝါရီ ၇
ပွင့်လင်းရာသီရောက်ရှိလာသည်နှင့် အမျှ မီးဘေးကြိုတင်ကာကွယ် နိုင်ရန်ဌာန ဆိုင်ရာရုံးများတွင် မီးဘေးကြိုတင်စီမံချက်များ၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဗူးနှင့် ရေရှိနိုင်ရေးအခြေအနေများကို မြို့နယ်မီးတပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်နှင့် တပ်ဖွဲ့ဝင်များက ဇန်နဝါရီ လ ပထမပတ် က မြို့နယ်ရုံးများတွင်မီးဘေး လုံခြုံရေးကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ရုံးများတွင်အရေးပေါ် အသုံးပြုရန် မီးသတ်ဆေးဗူး၊ မီးချိတ်၊ မီးကပ် ထားရှိမှုအခြေအနေ၊ ရေကန်၊ ရေစဉ် ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး မီးသတ်ဦးစီးမှူးမှ မီးသတ်ဆေးဗူး များကိုပုံမှန် စစ်ဆေးသွားရန်နှင့် ရေကန်များကို ရေအဆင်သင့် ဖြည့်ဆည်းထားရှိကြရန် အကြုံပြုမှာ ကြောင်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)