ကျိုက်မရော၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိူးဆော်

ကျိုက်မရော ဇန်နဝါရီ ၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်)ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့ပေါ်ရပ်ကွပ်များနှင့် လူစည်ကားရာ လမ်းဆုံ နေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက လက်ကိုင် အသံချဲ့စက်ဖြင့် လှည်လည်နှိုးဆော်ကြောင်း သိရသည်။

ထိုသို့ပညာပေးနှိုးဆော်ရာ၌ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်)ရောဂါနှင့် ပတ်သက်၍ သိရှိလိုက်နာရန် အသိပေး၊ သတိပေးခြင်းများကို အထူးအလေးထား လိုက်နာနေထိုင်ကြရန်၊ အိုမီခရွန် ကိုဗစ်- ၁၉ရောဂါ ကာကွယ်နိုင်ဖို့အတွက် အဓိကအချက်များ၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask)ကို စနစ်တကျ မပျက်မကွက် တပ်ဆင်သွားလာကြရန်၊ နာတာရှည်ရောဂါ အခံရှိသူများနှင့် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား အကြိမ်ရေအပြည့် မပျက်မကွက် ထိုးနှံထားကြရန်၊ လူစုလူဝေး နေရာများကို ရှောင်ရှားကြရန်၊ ကိုဗစ်-၁၉ရောဂါ လက္ခဏာသံသယ ရှိသူတွေ့ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးစစ်ဆေးပြသမှု ခံယူကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာ၍ ပြည်သူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)