ပခုက္ကူတက္ကသိုလ် ကျောင်းဝင်းအတွင်း (၁၆၀)ဦးဆံ့ ကျောင်းသားအိပ်ဆောင်နှင့် ထမင်းစားဆောင် (RC) တစ်လုံးအဆောက်အဦ ရာနှုန်းပြည့်တည်ဆောက်ပြီးစီး

ပခုက္ကူ  ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပခုက္ကူတက္ကသိုလ် ကျောင်းဝင်းအတွင်း (၁၆၀)ဦးဆံ့ ကျောင်းသား အိပ်ဆောင်နှင့် ထမင်းစားဆောင် (RC)တစ်လုံး အဆောက်အဦ တည်ဆောက်မှုလုပ်ငန်းကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ် ကျောင်းဝင်းအတွင်း ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေကျပ် ၇၉၁ ဒသမ ၈ သန်းဖြင့် (၁၆၀)ဦးဆံ့ ကျောင်းသားအိပ်ဆောင်နှင့် ထမင်းစားဆောင် (RC)တစ်လုံး အဆောက်အဦကို ကရုဏာမိုးဆောက်လုပ်ရေး ကုမ္ပဏီက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင် တာဝန်ယူ တည်ဆောက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း၊ (၁၆၀)ဦးဆံ့ကျောင်းသားအိပ်ဆောင်မှာ အလျား ၂၁၂ ပေ၊ အနံ ၁၂၃ပေ၊ အမြင့် ၂၆ပေ ကျယ်ဝန်းသည့် နှစ်ထပ်အဆောက်အဦဖြစ်ပြီး  အောက်ထပ်တွင် (၄၀)ခန်း၊ အပေါ်ထပ်တွင် (၄၂)ခန်းစီဖြင့် အလျား၁၂ပေ၊ အနံ ၁၀ ပေနှင့် အမြင့် ၁၂ ပေရှိသည့် အခန်းပေါင်း ၈၂ ခန်းပါဝင်ကြောင်း၊ ထမင်းစားဆောင်မှာ အလျား ၁၂၂ ပေ၊ အနံ ၄၈ ပေ၊ အမြင့် ၁၅ ပေ အကျယ်အဝန်းရှိကြောင်း၊ ရေလောင်းအိမ်သာ အပါအဝင် ရေမီးအစုံအလင် တည်ဆောက်ပြီးစီးကြောင်း ကရုဏာမိုးဆောက်လုပ်ရေး ကုမ္ပဏီမှ တည်ဆောက်ရေး လုပ်ငန်း တာဝန်ခံအင်ဂျင်နီယာ ဦးသန်းထွေးထံက  သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)