မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန( Community Centre ) ခန်းမတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် Omicron ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲ ပြုလုပ်

မြေပုံ ဇန်နဝါရီ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် Omicron ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်ပြသခြင်း နှင့် စာအုပ်ပြပွဲ ပြသခြင်းကို ယနေ့ မွန်းလွဲ နာရီက ပြုလုပ်သည်။

အဆိုပါ အသိပညာပေး  နံရံကပ်စာစောင်ပြပွဲတွင်  ပြည်သူများ၊ စာဖတ်ပရိသတ်များနှင့် ကျောင်းသား၊ ကျောင်သူများ ကိုဗစ်-၁၉ရောဂါ ကူးဆက်မှုများ သိရှိ၍ ကြိုတင် ကာကွယ်သိရှိနိုင်ရန်၊  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုးများ သတိပြုကာ မိမိက   ကာကွယ်ပါ၊ ကိုဗစ်-၁၉ရောဂါကို မိမိကစ၍ ဆက်လက်ကာကွယ်ပါ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို အကြိမ်ပြည့်  မပျက်မကွက်ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ရောဂါ၏ နောက်ဆက်တွဲဆိုး ကျိုးလက္ခဏာများ၊ ရောဂါပိုး ဖြန့်ဝေသူ မဖြစ်ဖို Mask တပ်ကြစို့ စသည့် အသိပညာပေး အကြောင်းအရာများ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများ ပြသထားရှိသည်။

စာအုပ်ပြပွဲတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး ကျန်းမာရေး စာအုပ်များ၊  သုတရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ စုံလင်စွာပြသထားရှိရာ စာဖတ် ပရိသတ်များ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာလေ့လာ ကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)