မုံရွာ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဝိသုဒ္ဓိဓမ္မလမ်း ဦးဘုန်းကြွယ်(ဘုန်းကြွယ်-ပညာရေး)၏ ဓမ္မစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နေ့လယ်(၁)နာရီက မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုဗဟိုပြု ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်စိုးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်၊၊ မုံရွာမြို့ အခြေပြုစာရေးဆရာများ၊ မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးမြင့်နိုင်စိုးနှင့် ဝန်ထမ်းများ ဖိတ်ကြားထားသော စာပေချစ်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက နတေဿသုံးကြိမ် ဘုရားရွတ်ဆို၍ ဖွင့်လှစ်ပေးကြပြီး စာပေချစ်မြတ်နိုး သူတစ်ဦး က စာရေးသူ၏ အတ္ထုပတ္တိအကျဉ်းကို ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး စာရေးသူ ဘုန်းကြွယ်-ပညာရေးက မိတ်ဆက် စကားများပြောကြားပြီး ရေးသားထုတ်ဝေသော ဓမ္မစာအုပ်များအကြောင်းကို ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် ဓမ္မမိတ်ဆွေစာပေဝါသနာရှင်များကိုယ်စား တိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်စိုးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ပြီး အခမ်းအနားကို ရုတ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)