မိုင်းငေါ့ ဇန်နဝါရီ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး အသက် (၁၈)နှစ် အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် Sinopharm အမျိုးအစားကာကွယ် ဆေး လာရောက် ထိုးနှံသူ ကျား (၇၈)ဦး၊ မ (၈၈)ဦး စုစုပေါင်း (၁၆၆) ဦး တို့အား မိုင်းငေါ့ တိုက်နယ် ကျန်းမာရေးဌာမှ ကျန်းမာရေး ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့က မိုင်းငေါ့မြို့ ဈေးရပ်ကွက် ဘုန်းကြီးကျောင်း အတုလဇေယျဆောင်ဓမ္မာရုံတွင် ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ စသည့် ကျန်းမာရေး စစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)