လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်တွင် ကုလသမ္မဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ စားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စု များအား ဆန်နှင့် အသက်(၅)နှစ်နှင့်အောက် ကလေးသူငယ်ဦးရေ (၇၃၄) တိုကိုကလေး (၁) ဦးကို အာဟာရနို့မှုန့် (၁၅) စုစုပေါင်း (၁၁၀၁၀) အား အာဟာရထောက်ပံ့ခြင်းကို ယနေ့နံနက် (၉) နာရီ အချိန်ကစတင်၍ ဆောင်ရွက်ခဲ့ရာ WFP မှ စီမန်ချက်မန်နေနေဂျာ ဦးစိုးဝဏ္ဏ၊ ဆန်ဖြန့်ဖြူရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကိုကိုတို့ ဦးဆောင်သော အင်အား (၄၃) ဦးတို့မှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုနောက် ဆန်ဖြန့်ဖြူးရေးအခြေစိုက်နေရာများဖြစ်သော လှိုင်ရတနာလမ်းရှိ ဓမ္မရက္ခိတဓမ္မာရုံ၊ ချင်တွင်း လမ်းနှင့် မန္တလေးလမ်းတို့ကို အခြေပြုကာ စားနပ်ရိက္ခာလိုအပ်ချက်ရှိသော မိသားစုများအား အိမ်ထောင်တစ်စုလျှင် အသားတင်အလေးချိန် (၅၀) ကီလိုဂရမ်ရှိ (၂.၄၅) ပြည်ပါ ဆန်တစ်အိတ်၊ စုစုပေါင်း အိမ်ထောင်စု (၃၂၂၃) စု ဆန်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းကို တာဝန်ရှိသူထံမှ သိရသည်။
ဝေဝေ (ပြန်/ဆက်)