သီပေါ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လူသားအရင်းအမြစ်များ ဆုံးရှုံးမှု မရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကိ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက လူကုန်ကူးမှု ဖြစ်ပေါ်လာပုံများ၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေနှင့် အကြောင်းအရင်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးခံရမှုကြောင့် ဖြစ်ပေါ်လာ သည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ နောက်ဆက်တွဲဆိုးကျိုးများ၊ လူကုန် ကူးသူများ အသုံးပြုသော နည်းလမ်းများ၊ လူကုန်ကူးမှု တိုက်ဖျက်ရေး အမျိုးသားအဆင့် (၅)နှစ် စီမံကိန်း၏ ကဏ္ဍများ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးခံရသူများအား အကူအညီ ပေးရမည့် နည်းလမ်းများ၊ ကြိုတင်ကာကွယ်စောင့်ရှောက်ပေးရမည့် နည်းလမ်းများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် မိမိတို့တာဝန်ကျရာ ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ပြည်သူများ လူကုန်ကူးမှုအန္တရာယ် ကင်းဝေးစေရန်အတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)