ကျောင်းကုန်း ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် နယ်မြေလုံခြုံရေးအတွက် လိုင်းပြေးဆွဲနေသော စက်လှေများ အား ယနေ့နံနက် ၉ နာရီအချိန်က စစ်ဆေးခဲ့ကြသည်။
ဝက်ချောင်းကျေးရွာမှထွက်သော ပိုင်ရှင်ဦးမောင်မောင်အေး၏ "ဖြိုးနိုင်ကျော်"၊ဗလီဒေါင့်ကျေး ရွာမှ ထွက်သော ပိုင်ရှင်ဦးဝင်းတင်၏ "ရာဇာ"၊ ခြောက်အိမ်တန်းကျေးရွာမှထွက်သော ပိုင်ရှင်ဦးအေးမြင့်၏ "ရာဇာထွန်း"၊ ချောင်းဝကျေးရွာ မှထွက်သော ပိုင်ရှင်ဦးကျော်ဝင်း၏ "မိဘမေတ္တာ" စက်လှေတို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားမှုဖြင့် ဗိုလ်ကြီးလွင်မောင်မောင်ဦးနှင့် တပ်မတော်သားများ၊ ဒုရဲအုပ် နှင်းအေးမော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရေယာဉ်စည်းကမ်း ထိန်းသိမ်းရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စစ်ဆေးဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)