လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်)နှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show ဆောင်ရွက်

လားရှိုး ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ဇန်နဝါရီလ(၈)ရက်နေ့ မွန်းလွှဲ(၁)နာရီအချိန်က ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်)နှင့် စပ်လျဉ်း၍ အသိ ပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show ဆောင်ရွက်ရာတွင် လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုနှင့် ဒုတိယဦးစီးမှူး ဒေါ်အိအိသိမ့်တို့က ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်)ရောဂါ စတင်တွေ့ရှိမှုနှင့် စတင်ကူးစက်ပြန့်နှံ့ခြင်းအကြောင်း၊ ရောဂါကူးစက်ခံရပါက တွေ့ရှိရသည့် လက္ခဏာများ၊ ရောဂါကူးစက်ပြန့်နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် လိုက်နာရမည့်အချက်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ထုတ်ပြန်ထားသည့် လိုက်နာရမည့်အချက်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ သတိပေးထုတ်ပြန်ချက်များ စသည့် အချက်များကို ရိုက်ကူး၍ Community Centre Lashio Facebook Page နှင့် We Love Lashio Page များတွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

စိုင်အောင်ကျော်စိုး