လက်ပံတန်းမြို့ နယ် လွှစင်ကုန်းကျေးရွာ၌ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲကျင်းပ

လက်ပံတန်း ဇန်နဝါရီ 

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် သိုက်ဝါးချောင်းကျေးရွာအုပ်စု လွှစင်ကုန်း ကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက လွှစင်ကုန်းကျေးရွာ လျှပ်စစ်ထရန်စဖော်မာရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ကျေးရွာထရန်စဖော်မာရှေ့တွင် ကျင်းပရာ အခမ်းအနားကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ အတွင်းရေးမှုးရဲမှူး တင်ဦးနှင့်မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးအောင်နှင့် ကျေးရွာတာဝန်ရှိများမှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးအောင်က လျှပ်စစ်ဓာတ်အား လုပ်ငန်း ဆောင်ရွက်နေမှုများ၊ မီးရရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာမီးလင်းရေးကော်မတီဝင် ဦးညွန့်သန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

လက်ပံတန်းမြို့နယ် လွှစင်ကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးကို နိုင်ငံတော်မှ11KV 400w ထရန်စဖော်မာ ထောက်ပံ့ပေးခဲ့ပြီး ဓာတ်အားလိုင်းဖြင့် ကျေးရွာအတွင်း အိမ်ခြေ (၁၀၀) အား မီတာတပ်ဆင်နိုင်ရန် သိန်း (၁၆၄) ကျပ်ဖြင့် ဆောင်ရွက်ထားရှိကြောင်း  ကျေးရွာမီးလင်းရေးကော်မတီထံမှ သိရသည်။

မျိုးမင်းထွန်း (ပြန်/ဆက်)