ထိုသို့ဖွင့်လှစ်ရခြင်းမှာ သံတွဲမြို့နယ်ရှိ ရွက်ပုန်းသီးအနုပညာရှင်များ ပေါ်ထွက်လာရေး၊ Guitar ဝါသနာရှင်များ Guitar ကိုကျွမ်းကျင်စွာ အခြေခံမှစတင်၍ စနစ်တစ်ကျ တီးခတ်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း၍ သံတွဲခရိုင် လူထု အခြေပြုဗဟိုဌာန Art Space ခန်းမတွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
အဆိုပါသင်တန်းကို Guitar ဝါသနာရှင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၀ ဦးအား တစ်ပတ်လျှင် စနေ၊ တနင်္ဂနွေ နှစ်ရက် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ ၃ လကြာ ဖွင့်လှစ်၍ သင်တန်းဆရာ ကိုချမ်းမြေ့ဟိန်းက အခမဲ့သင်ကြား ပေးသွားမည်ဖြစ်သည်။
ခရိုင် (ပြန်/ဆက်)