ကျိန္တလီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးရေး အသိပေးနှိုးဆော်မှုများဆောင်ရွက်

ကျိန္တလီ ဇန်နဝါရီ ၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ကျိန္တလီမြို့ မီးသတ်ဦးစီးဌာနမှ နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ဆောင်ရွက်ရာတွင် ယခုအခါ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများနေဖြင့် မီးလောင်မှု၊ မီးလန့်မှုများနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ် ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ထားရှိရန် ရှေးဦးမီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးများအား အသင့်တပ်ဆင်ထားရှိကြရန်နှင့် မီးလောင်မှုများ ဖြစ်ပွားလာပါ မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားကြ ရန်လိုအပ ်ကြောင်း မိဘပြည်သူများအား သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြ ကြောင်း ကျိန္တလီမြို့မီးသတ်ဦးစီးဌာန တာဝန်ရှိသူထံမှ သိရ သည်။

ခိုင်မိုးမင်း(ပြန်/ဆက်)