ပွင့်ဖြူ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူများကို ယနေ့ နေ့လယ်ပိုင်းက ဆေးထိုးစုရပ် (၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ဆေးထိုးစုရပ် (၄) နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ နိဗ္ဗာန်(တ)ကျောင်း၊ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ စနစ်တကျထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး ကာကွယ်ဆေး လာရောက် ထိုးနှံကြသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ် သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေ ကြောင်း သိရပြီး ယနေ့နေ့လယ်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာတွင် ပထမအကြိမ် ကာကွယ်ဆေး လာရောက် ထိုးနှံသူ ၇၄၈ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးလာရောက် ထိုးနှံသူ ၃၂၅ ဦး ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် ပြည်သူများကို ဇန်နဝါရီလမှစတင်၍ Covidshield ထိုးနှံပေးသွားမည်ဖြစ်၍ သတ်မှတ်ဆေးထိုးစု ရပ်နေရာများတွင် ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
ခင်ဝါဝါလှိုင် (ပြန်/ဆက်)