ပဲခူး ဇန်နဝါရီ ၈
ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဗဟိုစည် (၄)လမ်းတွင် ယနေ့နေ့လယ် (၁၁) နာရီအချိန်ခန့်က ထမင်းပေါင်းအိုး တည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ် (၂) စီး၊ ပဲခူးခရိုင် မီးသတ် စခန်းမှ အုပ်ချုပ်မှုယာဉ် (၁) စီး၊ မီးငြှိမ်းသတ်ယာဉ် (၆)စီး၊ မီးသတ်ရေသယ်ယာဉ် (၄)စီး၊ စုစုပေါင်းမီးသတ်ယာဉ် (၁၃) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄၀) ဦးတို့ သွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)