သတင်းများ

ကော့ကရိတ်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Jan 21,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Bool Club) အဖွဲ့ဝင်များနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာ ဆူးသစ်ရေးသားသည့် “ခွန်အားရှိသောစာ ခွန်အားရှိသော လူငယ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး ပြည်သူ့ စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်
Jan 21,2022
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနတွင် မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးမောင်းနိန်နှင့် တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီအချိန်က ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်ကြကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ယနေ့နံနက်(၉)နာရီ အချိန်က စံဖူးကျေးရွာအုပ်စု၊ စံဖူးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ခြင်းနှင့် mask campaign ပြုလုပ်
Jan 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ် ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့မဈေးအနောက်ဘက် လူစီကားရာနေရာ မြို့နယ်စည်ပင်သာယာရေး ရုံးရှေ့၌ ပြုလုပ်ခဲ့သည်။
တံတားမြို့၌ သုံးလောကထွဋ်ခေါင်မာန်အောင် ရတနာဘုရားကြီး၏ (၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲနှင့် ဝိဇ္ဇာဓမ္မသာသနာ့ ဗိမာန်တော်ကြီး ဖွင့်ပွဲကျင်းပ
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် (၁၁၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ၊ ဓမ္မပူဇာပွဲ၊ သံဃာ့ပူဇော်ပွဲ နှင့် ဝိဇ္ဇာ ဓမ္မ သာသနာ့ ဗိမာန်တော်ကြီး ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က တံတားမြို့ သုံးလောကထွဋ်ခေါင် မာန်အောင်ရတနာ ဘုရားကြီးတွင် ပြုလုပ်ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ကို ယနေ့နံနက် ၇ နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။
ဒဂုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 21,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား(၂၀)ဦး၊ ကျောင်းသူ(၁၈)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် (Sinovac) ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉) နာရီ မိနစ် (၃၀) အချိန်တွင် ဆောင်ရွက်ခဲ့ ပါသည်။
ရှမ်းရွာသစ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး ဉာဏ်စမ်း၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကဗျာရွတ် ပြိုင်ပွဲများ ကျင်းပ
Jan 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင် စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး ဉာဏ်စမ်း၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။