တံတား ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် (၁၁၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ၊ ဓမ္မပူဇာပွဲ၊ သံဃာ့ပူဇော်ပွဲ နှင့် ဝိဇ္ဇာ ဓမ္မ သာသနာ့ ဗိမာန်တော်ကြီး ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က တံတားမြို့ သုံးလောကထွဋ်ခေါင် မာန်အောင်ရတနာ ဘုရားကြီးတွင် ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိ တက္ကသိုလ် စာသင်တိုက် ပဒါနနာယက ဘဒ္ဒန္တသီရိန္ဒ၊ ကံမြောင်ကျေးရွာ၊ ကံမြောင်ကျောင်းတိုက် နိုင်ငံတော် သံဃာ့နာယက သြဝါဒစရိယာ ဘဒ္ဒန္တသုန္ဒရ၊ သဒ္ဓမ္မမဏ္ဍိုင်စာသင်တိုက် ပဒါနနာယက ဆရာတော် ဘဒ္ဒန္တနာဂသေန၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ ဂေါပက အဖွဲ့ဝင် ဦးလှသန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီးနောက် ဘွဲ့ရ စာအောင် သံဃာတော်(၅)ပါး ဂုဏ်ပြု ပူဇော်ပွဲအား ဆက်လက် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်