သတင်းများ

ပြင်ဦးလွင်မြို့၊  အမှတ် ( ၃ )  အခြေခံပညာအထက်တန်းကျောင်းတွင်ပညာသင်ကြားနေသော  ရှင်သာမဏေများနှင့် သီလရှင်များအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း
Jan 21,2022
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့ ၊ အမှတ်  ( ၃ ) အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ရှင်သာမဏေများနှင့် သီလရှင်များအား ယနေ့  နံနက် ၉ နာရီခွဲက  အဆိုပါကျောင်းရှိ၊ ကျောင်းခန်းမ၌  တာဝန်ရှိသူများမှ ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းခဲ့သည်။
ကံမမြို့နယ်၌ ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်သင်ကြားပေး
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre တွင် လက်တွေ့ သင်တန်းပေးကျင်းပပြုလုပ်ခဲ့သည်။
လပွတ္တာမြို့နယ်တွင် ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်
Jan 21,2022
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်မီးသတ်ဦးစီးဌာနမှ ပြည်သူလူထုအပေါ်ကျရောက် လာနိုင်သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ အရေးပေါ်ကယ်ဆယ်‌ရေးလုပ်ငန်းများ၊ ဝန်ဆောင်  မှုများကို ဆောင်ရွက်လျက်ရှိပြီး ဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျင်မြန်စွာ   တုန့်ပြန်ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် စဉ်ဆက်မပြတ်လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၀၈:၀၀)နာရီအချိန်က လပွတ္တာခရိုင်(၃)မိုင်မြို့သစ် မီးသတ်စခန်းတွင် ငလျင်လှုပ်ခတ်မှုကြောင့်  ပြိုကျပျက်စီးသည့် သဏ္ဍာန်တူအဆောက်အဦပြုလုပ်၍ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ
Jan 21,2022
ရန်ကုန်အနောက်ပိုင်းခရိုင် စမ်းချောင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အမှတ် (၁၃)အ​​ ခြေခံပညာ ကျောင်းခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။
ကာလိမြို့အတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လိုက်လံနှိုး‌ဆော်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်း အမှတ်” အကြို အသိပညာပေးဆွေးနွေးပွဲ Talk  Show ကျင်းပ
Jan 21,2022
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် “(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်” အကြို အသိပညာဆွေးနွေးပွဲ Talk  Show ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
စျေးမီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ
Jan 21,2022
ပွင့်လင်းရာသီ၌ မတော်တဆမီးလောင်မှု မရှိစေရေးနှင့် စျေးအတွင်းရှိ စျေးဆိုင်ခန်းများ မီးလန့်မှု မဖြစ်ပွားနိုင်ရန်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့မစျေး အတွင်း၌ စျေးမီးဘေးလုံခြုံရေးအတွက် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်ရုံးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့(အကြို) အသိပညာပေး (Talk Show) ကျင်းပ
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ "(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့(အကြို) အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။