အလုံမြို့နယ်၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပ
Jan 21,2022
ကျောင်းသား၊ လူငယ်များ ပြည်ထောင်စုနေ့ဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက် သည့် ကျောင်းသား၊ လူငယ်များ ဖြစ်လာစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲနှင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။