သတင်းများ

၂၀၂၂ ခုနှစ်၊ နေပြည်တော်ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 21,2022
လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်သူများ ဖြစ်ပေါ်လာစေရန်၊ အားကစားစိတ်ဓာတ်ကို အခြေခံပြီး ကာယ၊ ဉာဏ၊ စာရိတ္တကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ထောင်စုနယ်မြေကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ နေပြည်တော်ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားခန့်းမ၌ ကျင်းပသည်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Jan 21,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမက(မူလွန်)-၂၀ ကျောင်းတို့ ပူးပေါင်းကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ် နားခံ အထက(ခွဲ)ကျောင်း၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ သွားရောက်၍ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အားကစားဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်က မိုးနဲမြို့နယ် နားခံအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ်၌ စာ​ပေချစ်သူများစာဖတ်ဝိုင်း ပြုလုပ်
Jan 21,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနနှင့် စာအုပ်စာ​ပေချစ်မြတ်နိုးသူများအသင်း (Book club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယ​​နေ့နံနက်(၁၁)နာရီက ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက် အကောင် ၁၀၀ ဝယ်ယူ၊ ဖြန့်ဖြူးပေးအပ်
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ဟိုနားကျေးရွာ ယာအိမ်မှူး နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက် အကောင် ၁၀၀ ဝယ်ယူ၊ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး D.r အောင်ဆန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ကာ မြို့နယ်ဦးစီးမှူး D.r စိုင်းအေးလှိုင်က ဒေသကြက်ဖြန့်ဖြူး ပေးအပ်ရခြင်းအပေါ် ရှင်းလင်း ပြောကြားပေးခဲ့သည်။
ကံမမြို့နယ်တွင် ပင်စင်လစာငွေများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ ထုတ်ပေးလျက်ရှိ
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရပ်ကွက် ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ကုသရေးအဆောင် ဆောက်လုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ ကုသရေးအဆောင်ဆောက်လုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျောက်တံတားမြို့နယ်ရှိ တန်ခိုးကြီးဘုရား ဆူးလေစေတီတော်တွင် ပန်းဥယျာဉ် ဌာနမှ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူ
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ တန်ခိုးကြီး ဘုရားဆူးလေစေတီတော်နှင့် ပရိဝုဏ်တခုလုံးအား ယနေ့နံနက်(၀၆:၀၀)နာရီ အချိန်မှ စတင်၍ ဘုရားရင်ပြင်တွင် ဦးစွာ တံမြက်စည်းလှည်းခြင်း၊ ရေဆေးခြင်းများ ပြုလုပ်ပြီး ဘုရားပရိဝုဏ် ပတ်လည်အား ရေဆေးခြင်းဖြင့်ကုသိုလ်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။