ရှမ်းရွာသစ် ဇန်နဝါရီ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင် စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး ဉာဏ်စမ်း၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသား/သူ ကလေးသူငယ်များ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိစေရန်၊ လူအများရှေ့တွင် သွက်လက် ထက်မြတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး ဉာဏ်စမ်း၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကဗျာရွတ် ပြိုင်ပွဲများကို ရှမ်းရွာသစ်မြို့ အ.ထ.ကကျောင်းမှ ကျောင်းသား/သူ (၂၀)ကျော်က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့ပြန်/ဆက်ဦးစီးမှူးက ဆုများအ သီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ် (ပြန်/ဆက်)