ဒဂုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ဒဂုံ ဇန်နဝါရီ ၂၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား(၂၀)ဦး၊ ကျောင်းသူ(၁၈)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် (Sinovac)  ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉) နာရီ မိနစ် (၃၀) အချိန်တွင် ဆောင်ရွက်ခဲ့ ပါသည်။

အဆိုပါကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးဘေစင်နှင့် လက်သန့် ဆေးရည်များကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထားရှိပေးပြီး၊ ဒဂုံမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းရှိ အသက်(၁၂)နှစ်နှင့် အထက်ရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၈)ဦး ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  (Sinovac) ကို ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဌ ဦးမင်းသူကျော်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များကဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဒဂုံမြို့နယ်  (ပြန်/ဆက်)