နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

နတ်မောက် ဇန်နဝါရီ  ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ကို ယနေ့နံနက် နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။

ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်ကမ်းချက်များ နှင့်အညီ ပင်စင်လစာငွေ လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် စနစ်တကျ ရှိစေရန် သုံးပေအကွာစည်းမျဉ်းများပြုလုပ်ထားပေးခြင်း၊ လက်ဆေးဘေစင်များ ပြုလုပ်ထားပေးခြင်းများကို နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်မှ စီစဉ်ဆောင်ရွက်ထားသည်။

အဆိုပါပင်စင်ထုတ်ယူရာတွင် ပင်စင်စားများအား ပင်စင်လစာငွေထုတ်ယူရာ၌ အဆင်ပြေစေရေးအတွက် ဇန်နဝါရီလ (၂၁) ရက်နေ့မှ (၂၈) ရက်နေ့အထိ နတ်မောက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ် နံနက် ()နာရီ မှ ညနေ () နာရီအထိ ထုတ်ပေး သွားမည်ဖြစ်သည်။

ထို့ပြင်သတ်မှတ် ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန် အတွင်း၌လာရောက်ထုတ်ယူနိုင်ပြီး နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူ (၁၆၀၀) ဦးခန့်ရှိကြောင်း သိရသည်။

လှဝင်း (နတ်မောက်)