သတင်းများ

ဒိုက်ဦးမြို့နယ်၌ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron(အိုမီခရွန်) ရောဂါပိုး ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေး ပြန်/ဆက်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဆောင်ရွက်
Dec 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်-ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ယနေ့နံနက်ပိုင်းတွင်​ မြို့မဈေးရှေ့၊ ဘူတာရုံနှင့် မြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက် အတွင်း၌ကို ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်) ရောဂါပိုး ထိရောက် စွာကြိုတင်ကာကွယ်နိုင်ရေး အသိပညာ​ပေး​ ဆောင်ရွက်ခဲ့​သည်။
လမိုင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Dec 07,2021
မော်လမြိုင်ခရိုင် လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အချိန်ကို အသုံးချနည်း”စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ် ခြင်းကိုယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်သည်။
ကျိုက်ဒုံမြို့၌ ဒုတိယအသုတ် ၊ပထမအကြိမ်၊အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ကျောင်းသူ (၂၃၀)ဦးအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Dec 07,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ဟောင်သရောခန်းမ၌ ယနေ့ နံနက် ၉နာရီက ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာ ရေးဝန်ထမ်းများ၊ တာဝန်ရှိသူများမှ ဒုတိယအသုတ်၊ ပထမအကြိမ် အသက်(၁၂)နှစ်နှင့် အထက် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကရသူရိမြို့တွင် ကွမ်းရွက်ဈေးကောင်း၍ မိသားစုအပိုဝင်ငွေရရှိ
Dec 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် မိသားစုစားဝတ်/နေရေးအတွက် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်အသီးအရွက်များကို စိုက်ပျိုး၍ အသက်မွေး ဝမ်းကျောင်းပြုလုပ် လျက်ရှိရာ ကွမ်းရွက်သည် ယခင်နှစ်များကထက်  ယခုနှစ်များတွင်ဈေးကောင်းပိုမိုရရှိ၍ စိုက်ပျိုး သူဦးရေး များပြားလာပြီး မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်းသိရသည်။
ပြည်မြို့နယ်တွင် ယခုနှစ် နိုဝင်ဘာလအတွင်း ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ပြီးခဲ့သော ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ သီရိ‌ခေတ္တရာရတနာ မြို့တော်ခန်းမ ဆေးထိုးစုရပ်‌၌ မြို့နယ် အတွင်း ယခုနှစ် နိုဝင်ဘာဒုတိယပတ်က ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးခဲ့သော ပြည်သူများအား ယနေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကရသူရိမြို့တွင် ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆက်လက်နှိုးဆော်ပေး
Dec 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွား မှုလျော့နည်းစေရေးအတွက် ပြည်သူများ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးတိုက်တွန်းနှိုး ဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သံဖြူဇရပ်မြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နေမှု ကွင်းဆင်းစစ်ဆေး
Dec 07,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို ပြန်လည်ဖွင့်လှစ် သင်ကြားနေပြီးဖြစ်၍ ယမန်နေ့နံနက်ပိုင်းက နှစ်ကိုင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် သတ်မှတ်ဦးတည်အုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 07,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူ များနှင့် သတ်မှတ်ဦးတည်အုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။