သတင်းများ

ရှမ်းရွာသစ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး ဉာဏ်စမ်း၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကဗျာရွတ် ပြိုင်ပွဲများ ကျင်းပ
Jan 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင် စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး ဉာဏ်စမ်း၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက်၊ ရပ်ကွက်(၂)ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 21,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့ နံနက် (၉)နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVIDSHIELD) ကာကွယ်ဆေးထိုးနှံသူ ရပ်ကွက်(၂)ရပ်ကွက်မှ လူဦးရေ စုစုပေါင်း (၁၁၀)ဦးအား ထိုးနှံပေး ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး သတိပြုကာကွယ်ရေး ပြည်သူများလိုက်နာဆောင်ရွက်ရန် လိုက်လံနှိုးဆော်
Jan 21,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် လက်တလော ဖြစ်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး သတိပြုကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရန်ကြိုတင်ကာကွယ် ရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များအား ပြည်သူများလိုက်နာဆောင် ရွက်ကြရန် လိုက်လံနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရှိရပ်ကွက်များသို့ အသိပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာတွင် ဆောင်းသီးနှံ မတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာတွင် ဆောင်းသီးနှံ မတ်ပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများအား သန့်ရှင်းရေးပြုလုပ်
Jan 21,2022
မြို့သန့်ရှင်းသာယာလှပစေရေနှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယနေ့ နံနက်(၈)အချိန်က စတင်ကာ  ရေမြောင်းများအား သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ‌ဦးစီးဌာန၊ မြို့နယ်ရုံးတွင် စာဖတ်ဝိုင်းကျင်းပ
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်က စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသည့် လူငယ်များကို ပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စမ်းချောင်း မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်၊ရပ်ကွက်နေပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ
Jan 21,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်း ​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိအထက( ၁ ) ကျောင်းဝန်းအတွင်းတွင် ယနေ့နံနက် (၉:၀၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၁၀ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase 6) ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း(၂၁၈)ဦးအား ထိုးနှံပေး ခြင်းများဆောင်ရွက်ခဲ့ပါသည်။
ချောင်းဦးမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေး
Jan 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Online မှတဆင့် အသိပညာပေးများ ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂နာရီအချိန်က ပွင့်လင်းရာသီသို့ ရောက်ရှိတော့မည် ဖြစ်သဖြင့် ပြည်သူများအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပခဲ့သည်။