သတင်းများ

ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Jan 22,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ကျင်းပပြုလုပ်သည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုးမိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်နှင့် (ပြန်/ဆက်) ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်တင်ဇာစိုးတို့ တက်ရောက်ကြသည်။
မော်လမြိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့်နှိုးဆော်
Jan 22,2022
ကိုဗစ်-၁၉ အပါအဝင် ဗီဇပြောင်းမျိုးကွဲ သစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ရည်ရွယ်၍ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ယနေ့ ညနေပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့တွင်လမ်းမကြီးနှင့် ကမ်းနားလမ်းတို့၌ အသံချဲ့စက်ဖြင့် နှိုးဆော်ပေးခဲ့သည်။
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရန်အတွက် ဈေးများတွင် နှာခေါင်းစည်း တပ်ဆင်မှုရှိ၊ မရှိစစ်ဆေးခြင်းနှင့် (Mask) အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်
Jan 22,2022
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်မှုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၇ နာရီက ချောင်းဆုံမြို့ အနောက်ပိုင်းရပ်ကွက်ရှိ မြို့မအမှတ် (၁)ဈေးရှေ့တွင် (Mask Campaign) ပြုလုပ်ခဲ့ကြသည်။
ရေးမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ​အေးချမ်းစွာ ပုံမှန်ထုတ်ပေးလျက်ရှိ 
Jan 22,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်  ၈ နာရီမှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့် အညီ  စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။       
ဘူးသီးတောင်မြို့ အထက(၂) စာသင်ကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ အခမ်းအနားကျင်းပ
Jan 22,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းဝင်းနိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ ညနေပိုင်းက ဘူးသီးတောင်မြို့ အထက (၂) စာသင်ကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်း၊ ငလျင်ဇတ်တိုက် လေ့ကျင့်သရုပ်ပြ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နယ်လှည့်စာကြည့်တိုက်၊ အသိပညာနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်
Jan 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ပညာရေးဌာနနှင့်ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၂ နာရီက အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်းစက်ရုံဝန်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီ အချိန်တွင် ရပ်ကွက်(၁၆)ရပ်ကွက်ရှိ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ပထမ အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Covidshield) ထိုးနှံသူ စုစုပေါင်း (၄၅၀)ဦးနှင့် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac+Sinopharm) ထိုးနှံသူ စုစုပေါင်း(၃၄၂)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါရှိ၊မရှိ အခမဲ့စစ်ဆေး
Jan 22,2022
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ရှိ၊မရှိ ကို ဇန်နဝါရီ ၁၇ မှ ၂၁ ရက်နေ့ထိ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ သံဖြူဇရပ် မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့စစ်ဆေးပေးကြောင်း သိရသည်။