(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေး ဇန်နဝါရီ ၂၁

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမက(မူလွန်)-၂၀ ကျောင်းတို့ ပူးပေါင်းကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြော ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက  ကျင်းပ ပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား/လူငယ်မောင်မယ်များအား ပြည်ထောင်စုနေ့တို့မမေ့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမက (မူလွန်)-၂၀ ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းသန်းနွယ်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုစိတ်ဓါတ်အကြောင်းကို အသီးသီးရှင်းလင်း ဆွေးနွေး ဟောပြောသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ အမက(မူလွန်)-၂၀ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မန္တလေးခရိုင် (ပြန်/ဆက်)