သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု တစ်သိန်း ခြောက်သောင်း ရှစ်ထောင်ကျော်ထိုးပေးနိုင်ပြီဖြစ်
Jan 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု အခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၆၈၆၁၉ ဦးထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း၊ ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနထံက သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အုပ်ချုပ်ရေးမှူးရုံး (၆) ရုံး ဆောက်လုပ်ပြီးစီး
Jan 22,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြို့ပေါ်နှစ်ရပ်ကွက် အပါအဝင် ကျေးရွာ (၄) ရွာနှင့် စုစုပေါင်း အုပ်ချုပ်ရေးမှူး (၆) ရုံး၊ ဆောက်လုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဒဂုံမြိုသစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 22,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးကို မြို့နယ် ပြည်သူ့ဆေးရုံတွင် ဇန်နဝါရီ ၂၃ ရက်နေ့ နံနက် ၉ အချိန်မှ စတင်၍ စာရင်းပေးသွင်းရန် မလိုပဲ လာရောက်ဆေးထိုးနိုင်ကြောင်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမူယာကျော်ထံမှ သိရသည်။
သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jan 22,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၁ နာရီက ခရိုင်ပြည်သူ့ စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 22,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)​ ​​​ကျောင်းဝင်းအတွင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၁၁ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase 6) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၁၈၉)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
လသာမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ​ပေး
Jan 22,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယ​မန်နေ့​နံနက်၉နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ အထက(၂)လသာ ကျောင်း၀င်း အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့အတွင်းရှိ အသက်(၄၀)နှစ်နှင့် အထက် ဦးတည်အုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁၃၄၁)ဦး ထိုးနှံပေးခဲ့ပြီး ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အသက်(၄၀)နှစ်နှင့် အထက် ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ဒုတိယအကြိမ် Covid-19 ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉နာရီခန့်က ကျောက်တလုံးကြီးမြို့၊ အောင်ဓမ္မစေတီဘုရားကုန်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အမှတ်(၁၄) ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့
Jan 22,2022
ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ်(၁၄)ရပ်ကွက်ရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ် မှူးများက ထောက်ပံ့ငွေများကို အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ သည်။