သတင်းများ

မိုင်းယုမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 20,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် အသိ ပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်/ရပ်ကွက်သို့ Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
ကရင်ပြည်နယ် ပိုင်ကျုံမြို့ ကော့မရိုင်း ကျေးရွာအုပ်စု ကော့မရိုင်း-ကျိုက်ပေါင် ကျေးရွာချင်းဆက်လမ်းပေါ်တွင် သံကူကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ပေးလျက်ရှိ
Jan 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှု အဆင်‌ပြေစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်
ငရုတ်ကောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး(TalkShow) ဆောင်ရွက်
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့နံနက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်ကျင်းပခဲ့ကြောင်းသိရ သည်။
တပ်ကုန်းမြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်
Jan 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး သိကောင်းစရာ (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ တပ်ကုန်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပသည်။
နတ်မောက်မြို့ ယာယီစျေးအတွင်း ငှက်ပျောဖီးများလှိုင်လှိုင်ပေါ၍ စျေးရောင်းချသူများ အဆင်ပြေလျက်ရှိ
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ယာယီစျေးအတွင်းငှက်ပျောဖီးများ လှိုင်လှိုင်ပေါ သော်လည်းငှက်ပျောဖီး စျေးကောင်းသည့်အတွက် စျေးရောင်းချသူများ အဆင်ပြေ လျက်ရှိကြောင်း ငှက်ပျောဖီးရောင်းချသူ ဦးဝင်းမောင်ထံမှ သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ
Jan 20,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံညှိနှိုင်းကြသည်။
မြောက်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jan 20,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။