လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ

လှိုင်းဘွဲ     ဒီဇင်ဘာ   ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့်  နေ့ထူးနေ့မြတ်များ၊ သိသင့်သိထိုက်သည့် အကြောင်း အရာများ၊ အသိပေး ကြေညာချက်များနှင့် အသိပညာဗဟုသုတများ အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး နံရံကပ်စာစောင်းများကို ပြသဆောင်ရွက် ထားရှိကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် ပိုမိုကောင်းမွန်သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာ့တည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး  ရေရှည်တည်တံ့စေရန် ကြိုးစားစို့၊ မသန်စွမ်းသူများ ကိုဗစ်-၁၉ ရောဂါကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်း အဆင့်ဆင့်လုပ်ငန်းစဉ်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အချက်အလက်များ၊ နိုင်ငံဂုဏ်ဆောင် မသန်စွမ်းသူများ၏ အားကစားဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊  ပူးပေါင်းဆောင်ရွက်မှုများ၊  မသန်စွမ်းသူများနှင့်ပတ်သက်၍ ကြုံတွေ့နိုင်သည့် အတားအဆီးများ၊ ပညာရေးဆိုင်ရာ လေ့လာတွေ့ရှိချက်၊ စစ်တမ်းတွင် ပါဝင်ခဲ့သည့် မသန်စွမ်းကလေးငယ်များ၏ စိုးရိမ်မှုအသံ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ခဲ့သည့် မသန်စွမ်းသူများအတွက် သင်တန်းကျောင်း၊ တည်နေရာ၊ သင်တန်းသား ဦးရေ၊ အသက်မွေးသင်တန်းများ၊ ထောက်ပံ့မှုအစီအစဉ်များ၊ လေ့ကျင့် သင်ကြားမှုများ၊ အလုပ်အကိုင်နေရာချထားမှု၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ၊ အနာဂတ်မျှော်မှန်းချက် စသည့် မသန်စွမ်းသူများနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)