နမ့်စန်တွင် ဒီဇင်ဘာ ၂ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါလူနာအသစ် ၁ ဦး စစ်ဆေးတွေ့ရှိ

နမ့်စန်()     ဒီဇင်ဘာ   ၂

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ယနေ့နေ့လည်ပိုင်းအတွင်း  RDT Test kit စစ်ဆေး မှုအရ  အမျိုးသမီး ၁ ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက် ၊ ဖျားနာ၊ ချောင်းဆိုး၍ လာရောက်ပြသသူများ နှင့် အခြားကွင်းဆင်းစစ်ဆေးသည့်နေရာတို့မှ စုစုပေါင်း၇၆ ဦးကို မြို့နယ် ပြည်သူ့ဆေးရုံနှင့် အဆိုပါ ကွင်းဆင်းစစ်ဆေးသည့်နေရာများတွင်  ယနေ့ နံနက် ၉နာရီမှ နေ့လည် ၁နာရီ အတွင်း RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကာလိမြို့မှ ၅၁ နှစ်အရွယ် အမျိုးသမီး ၁ ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါပိုးတွေ့လူနာအမျိုးသမီးအား မြို့နယ်ပြည်သူ့ဆေးရုံရှိ ၄ ထပ်ဆောင်တွင် ထားရှိကုသပေးလျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့တွင် ဒီဇင်ဘာလ ၂ ရက်နေ့၌ ကျန်းမာရေးကောင်းမွန်၍ အမျိုးသား ၂ဦး ဆေးရုံဆင်း ခဲ့ပြီး ယနေ့ နေ့လည်ပိုင်းအထိ မြို့နယ်ပြည်သူ့ ဆေးရုံတွင် ကုသဆဲ ကိုဗစ်-၁၉ အတည်ပြု လူ နာ စုစုပေါင်း ၄၅ ဦးရှိကြောင်း  သိရသည်။                                                

မြို့နယ် (ပြန်/ဆက်)