မံစီ ဒီဇင်ဘာ ၃
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ဒီဇင်ဘာ ၃ ရက် နေ့လည် ၁၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များက ပူးပေါင်း၍ စာရေးဆရာ ညီညီနိုင် မြန်မာဘာသာပြန်ထားသည့် “အုပ်ချုပ်ရေးနီတိများနှင့် ခေါင်းဆောင်မှုသဘောတရား” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဒေါ်မြတ်နန်းခိုင်က ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့ကျင့်ကောင်းများရရှိ လာပြီး စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားကာ စာပေချစ်မြတ်နိုးသူ အချင်းချင်း ပြန်လည်မျှဝေကာ ချစ်ခင်ရင်းနှီးမှု ရရှိစေရန်ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီးနောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များက စာရေးဆရာ ညီညီနိုင် မြန်မာဘာသာပြန်ထားသည့် “အုပ်ချုပ်ရေးနီတိများနှင့်ခေါင်းဆောင်မှုသဘောတရား” စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်းစီအလိုက် အလှည့်ကျခေါင်းစဉ်တစ်ခုစီ ဖတ်ကြားပြီး မိမိတို့၏ ထင်မြင်ယူဆချက်များ၊ တွေးခေါ်မှုများအား အပြန်အလှန်သုံးသပ် ဆွေနွေးခဲ့ကြကြောင်း သိရသည်။