ပင်လောင်း ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မသန်စွမ်း သူများဆိုင်ရာသိကောင်းစရာများသိရှိစေရန် ရည်ရွယ်၍ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ဆိုင်ရာ မသန်စွမ်းသူများနေ့ အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မသန်စွမ်းသူများ၏ အခြေအနေ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေများ၊ တားမြစ်ချက်များနှင့်ပြစ်မှု၊ပြစ်ဒါဏ်များ၊မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းမြှင့်တင်ရေးအတွက် ဆောင်ရွက်မှုအခြေ အနေများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးများ ၊မသန်စွမ်း သူများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရမည့် အချက်များနှင့် မသန်စွမ်းသူများအပေါ် ထားရှိရမည့် စိတ်နေစိတ်ထားများနှင့် အမြင်သဘောထားများစသည့် မသန်စွမ်းဆိုင်ရာ သိကောင်းစရာများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ သိရှိစေရန်ရည်ရွယ်၍ ပြထားဆောင်ရွက် ထားပြီးကြောင်း သိရှိရသည်။
ထွန်းလင်း(ပင်လောင်း)
မြို့နယ်(ပြန်/ဆက်)