သတင်းများ

မလှိုင်မြို့နယ်တွင် ဆဋ္ဌမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
Jan 20,2022
 မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့ပေါ် ရပ်ကွက်ကြီး(၄)ခုတွင် ဆဌမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Covid Sheild) ဆက်လက် ထိုးနှံခြင်းကို   အ.ထ.က(မလှိုင်)၌ ယမန်နေ့ က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှသိရသည်။  
ဗဟန်းမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ
Jan 20,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့်သိမ်ကြီးစျေး ဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
ဟိုင်းကြီးကျွန်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ဆောင်ရွက်ပေးလျက်ရှိ
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ် မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေ ရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို နေ့စရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးသူမြဝင်း(ဒဿန) ရေးသားထားသည့် “ဇော်ဂျီ၏ရသပညာ” စာအုပ်ဖြင့် စာအုပ်မိတ်ဆက် ခြင်းအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့သည်။
မြောက်ဦးမြို့၌ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံလျက်ရှိ
Jan 20,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေး အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော ပြည်သူများအား ယနေ့ နံနက် ၉ နာရီမှစတင်ကာ အောင်တရပ်ကွက်၊ သင်္ဘောဆိပ်အနီး မြို့တော်ခန်းမ၌ ကိုဗစ်ကာကွယ်ဆေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် သမဝါယမအသင်းစုလီမီတက်၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ်ရွေးချယ်တင်မြောက်ခြင်း အခမ်းအနား ကျင်းပ
Jan 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က သမဝါယမ အသင်းစုလီမီတက်၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ကြပ်ထောင်ကျေးရွာတွင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို Door to Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး
Jan 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား၊  Door to Door စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို၊ ယနေ့နံနက်(၉)နာရီက ညောင်ကန်ဒေါင့်ကျေးရွာအုပ်စု၊ ကြပ်ထောင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ချက်များအားလိုက်လံ ဆောင်ရွက်
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၁၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ ရပ်ကွက်အတွင်း လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့သစ်မြို့နယ်တွင် ဇာထိုးပန်းထိုး အခြေခံလက်မှုပညာသင်တန်းဖွင့်လှစ်
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ ၊ လူငယ်လူရွယ်များ အခြေခံအိမ်တွင်းမှု အတတ်ပညာများ လေ့လာသင်ယူနိုင်ရန်နှင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ ဇန်နဝါရီ ၁၇ ရက်ကစ၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ဇာထိုးပန်းထိုး အခြေခံလက်မှု ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ပိုင်းက တတိယနေ့အဖြစ် ဆက်လက် သင်ကြားခဲ့ကြောင်း သိရသည်။