နောင်မွန်းမြို့၌ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကျင်းပ
Jan 21,2022
ကချင်ပြည်နယ်၊ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကျေးလက်နေပြည်သူများဆိုင်ကယ်ပြုပြင်ခြင်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်နှင့် မိသားစုအပိုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၀)ရက် မွန်းလွှဲ ၁နာရီတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။