သတင်းများ

တောင်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 21,2022
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊တောင်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ  အိုမီခရွန်  ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စာဖတ်ခြင်း၏ အကျိုးကျေးဇူးများဖြင့် အသိပညာ ဗဟုသုတမျှဝေရေး စာဖတ်ဝိုင်းကျင်းပ
Jan 21,2022
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာ အသင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့်အခြေခံပညာ ကျောင်းများ ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင် စေရန်နှင့် စာတတ်သူတိုင်း စာဖတ်လာစေရန် ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီက စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 21,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာကြ စေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် သဘာဝဘေးအသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန Community Centre ‌တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအသိပညာပေး Talk Show အစီအစဉ်အား ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ဆောင်ရွက်သည်။
ကလိန်အောင်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စစ်တုရင်ပြိုင်ပွဲဆောင်ရွက်
Jan 21,2022
အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင် စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဉာဏစွမ်းရည်များတိုးတက် လာစေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အလယ်တန်းအဆင့် စစ်တုရင်ပြိုင်ပွဲ ဆောင်ရွက်ခဲ့သည်။
အိမ်မဲမြိုနယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ (၁၃၂၅)ဦး ဝင်ရောက်ဖြေဆိုမည်
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ (၁၁၅၂)ဦးနှင့် အပြင်ဖြေဆိုသူ (၁၇၃)ဦး စုစုပေါင်း (၁၃၂၅)ဦးတို့က ဖြေဆိုခွင့်လျှောက်လွှာများကို တင်သွင်းထားကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မအနောက်ရပ်ကွက် အတွင်းရှိနေအိမ်များ မီးဘေးလုံခြုံ ရေး ကွင်းဆင်းစစ်ဆေး
Jan 21,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မအနောက်ရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် များက ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်း ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
Jan 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံ​မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေ ၃ နာရီက ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်  (Community  Center)ခန်းမ၌   ကျင်းပပြုလုပ်ခဲ့သည်။